ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ခရိုင်မြို့နယ်ပါတီလုပ်ငန်းအစည်းအဝေးတက်ရောက်

 

ဘားအံ သြဂုတ် ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယခုလ ၁၁ ရက် နံနက် ၉ နာရီတွင် ကရင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော ပြည်နယ်/ ခရိုင်/မြို့နယ်ပါတီကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံဦးသူရိန် ဇော်ကအပတ်စဉ်ပုံမှန်အစည်းအဝေး တွင် ပါတီဌာနချုပ်မှကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်များအား ပြန်လည်ဆွေးနွေးခြင်း၊ ပြည်နယ် ပါတီဥက္ကဋ္ဌဦးစောမြင့်ဦးက ပြည် နယ်ပါတီ၏တစ်လအတွင်းလှုပ်ရှား ဆောင်ရွက်မှုများကို အကြံပြုဆွေး နွေးပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆွေးနွေး ခဲ့သည်။

ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကိုကပြီးခဲ့သောလ၏အစည်း အဝေးမှအစည်းအဝေးဆုံးဖြတ်ချက် များကိုပြန်လည်ဆွေးနွေးပြီး ပြည် နယ်ပါတီ၏လှုပ်ရှားဆောင်ရွက်မှုများ ကို တင်ပြဆွေးနွေးခြင်း၊ ပြည်နယ် ကော်မတီဝင်များမှ မိမိတို့နှင့်သက် ဆိုင်ရာရေးရာကော်မတီအလိုက် ပြန်လည်ဆွေးနွေးတင်ပြခြင်း၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများမှ မိမိတို့ခရိုင်/မြို့နယ်အလိုက်တစ်လ အတွင်းလုပ်ငန်းဆောင်ရွက်ချက် များကို တင်ပြဆွေးနွေးပြောကြား ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော် သည် ယမန်နေ့ နံနက် ၈ နာရီက ကျုံဒိုးမြို့ ဓမ္မသုခဘုန်းကြီးကျောင်း သို့သွားရောက်ကာ ဆရာတော်အား သွားရောက်ဖူးမြော်ပြီး သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူ ဒါန်းခဲ့သည်။ ထို့နောက် ပါတီဗဟို အလုပ်အမှုဆောင်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့သို့ဆက်လက်ထွက် ခွာလာပြီး မြို့မကျောင်းတိုက်ဆရာ တော်အား သွားရောက်ဖူးမြော်ကာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် မင်္ဂလာဇေယျုံ ကျောင်းဆရာတော်အား သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာသို့ ဆက်လက် ထွက်ခွာခဲ့သည်။ ရန်ကုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် အားဖူးမြော်ပြီး သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီးဝဲကင်းအံကျေးရွာ ဝဲကင်းအံဆရာတော်အားဖူးမြော်ပြီး သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက် ကပ်လှူဒါန်းခဲ့ပြီး ဝဲကင်းအံကျေး ရွာဓမ္မာရုံ၌ ကျေးရွာပြည်သူလူထု များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ ၆ဝ ခန့်နှင့်တွေ့ဆုံကာ ယနေ့ဖြစ် ပေါ်လာသော နိုင်ငံရေး၊စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုပြည် သူလူထုများ သိရှိနိုင်ရန်အတွက် အကျယ်တဝံ့ ဆွေးနွေးပြောကြားခဲ့ သည်။

ထို့နောက် နောင်ဟင်ကျေး ရွာသို့ဆက်လက်ထွက်ခွာလာခဲ့ပြီး နောင်ဟင်ဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော် ပြီးသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ထို့နောက် ကော့ပရံကျေးရွာ ကော့ပရံပရဟိ တကျောင်းသို့ အလှူငွေများပေး အပ်လှူဒါန်းခဲ့သည်။