အီရန်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားတွင် တာဝေးပစ်ဒုံးကျည်သစ် ထုတ်ဖော်ပြသ

၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေး နှစ်(၄၀)ပြည့် အခမ်းအနားများ ကျင်းပစဉ်အတွင်း အီရန်သည် မိုင် ၈၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်သော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ် တစ်စင်းကို ထုတ်ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ဆန့်ကျင်မှုနှင့် ဥရောပနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို အာခံခြင်းအဖြစ် အီရန်သည် ဒုံးကျည်အစီအစဉ်ကို ချဲ့ထွင်နေပြီး အထူးသဖြင့် ပဲ့ထိန်း ဒုံးကျည်ကဏ္ဍတွင် ဖြစ်သည်။

ယင်းအစီအစဉ်သည် ခုခံကာကွယ်ရန် သက်သက်သာဖြစ် သည်ဟု အီရန်အစိုးရက ပြော ကြားထားသည်။

အီရန်ပဲ့ထိန်းဒုံးကျည်ဖွံ့ဖြိုး တိုးတက်မှုလျှော့ချရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများ ကျင်းပရန် ဥရောပ တိုင်းပြည်များက ဖိအားပေးလျှင် မိမိတို့အနေဖြင့် လက်ရှိ ကန့်သတ်ချက်များကို ကျော်လွန်သော ချဲ့ထွင်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟု အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့မှ ထိပ်တန်း တပ်မှူးတစ်ဦးက ပြောသည်။

ဒုံးကျည်သစ်ထုတ်ဖော် မိတ် ဆက်ပွဲအတွင်း အီရန်ကာကွယ်ရေးဝန်ကြီး ဟာတာမီက ‘‘ဒီပဲ့ ထိန်းဒုံးကျည်သစ်ဟာ အလွန်တိုတောင်းတဲ့အချိန်အတွင်း အရာရာပြီးစီးအောင် ပြင်ဆင်နိုင်ပြီး နိမ့်နိမ့်လေး ပျံနိုင်ပါတယ်’’ဟု ပြောကြားပြီး Hoveizeh အမည်ရှိ ယင်းဒုံးကျည်သစ်သည် Soumarမိသားစုဝင် ဒုံးကျည်အမျိုးအစား ဖြစ်သည်ဟုဆိုသည်။

အမေရိကန်ထံမှ သတိပေးမှုများ ရှိနေသော်လည်း အီရန် သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့် ၂၀၁၅ နျူသဘောတူညီချက် ရရှိပြီးနောက်ပိုင်း ၎င်းတို့၏ ဒုံး ကျည်အစီအစဉ်ကို ချဲ့ထွင်နေသည်။

ဒုံးကျည်စမ်းသပ်မှုများက ကုသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာမကျကြောင်း အီရန်က ပြောကြားထားသည်။

ထို့အပြင် ၎င်းတို့၏ ဒုံးကျည် များသည် နျူထိပ်ဖူးများ သယ်ဆောင်နိုင်စွမ်း ရှိသည်ဆိုခြင်းနှင့် စပ်လျဉ်း၍ အီရန်က ငြင်းဆန်ထားသည်။

—Ref: Reuters