ဘဂ္ဂဒက်ကားဗုံး သေဆုံးသူ ၉၃ ဦးအထိ တိုးလာ

_89660298_8b897759-9e76-4710-9ae8-318f9f71f2c1

ဘဂ္ဂဒက်၊ မေ ၁၂  ။            ။ အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်တွင် ကားဗုံးသုံးခါ ပေါက်ကွဲမှုအတွင်း သေဆုံးသ ဦးရေသည် အနည်းဆုံး ၉၃ အထိ ရှိလာကြောင်း ရဲဌာနနှင့် ကျန်းမာရေးဌာနတို့က ပြောသည်။

 သေဆုံးမှု အများဆုံး ကားဗုံးပေါက်ကွဲမှုက ရှီးယိုက်မွတ်စလင်များ အများစုနေထိုင်ရာ ဆာဒါမြို့က ဈေးတစ်ဈေးတွင် ဖြစ်ပြီး ယင်းနေရာကားဗုံးကွဲမှုတွင် သေဆုံးသူ ၈၄ ဦးနှင့် ဒဏ်ရာရသူ ၈၇ ဦးရှိခဲ့သည်။

 ခက်ဟီမီယာနှင့် ဂျာမီယာအရပ်များရှိ ရဲစစ်ဆေးရေးဂိတ်စခန်းများတွင်လည်း အသေခံဗုံးခွဲနှစ်ဦးက ဖောက်ခွဲရာ သေဆုံးသူ ၂၉ ဦးရှိခဲ့သည်။

ယခုနှစ်အတွင်း ဘဂ္ဂဒက်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် အဆိုးဆုံးဖြစ်သည့် ယင်းတိုက်ခိုက်မှုများကို အိုင်အက်စ်တို့က ၎င်းတို့ကျုးလွန်ကြောင်း ကြေညာသည်။

 အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသအများအပြားကို သိမ်းပိုက်ထားနိုင်သည့် ဆွန်နီဂျီဟဒ်အုပ်စုဖြစ်သော အိုင်အက်စ်တို့က ဖောက်ပြန်ရေးသမားများအဖြစ် ရှီးယိုက်များကို အကြိမ်များစွာ တိုက်ခိုက်နေခဲ့ခြင်းလည်းဖြစ်သည်။

ဆာဒါမြို့ လူစည်ကားရာဈေးတွင် မေ ၁၁ ရက်က ဖြစ်ပွားသည့် ဗုံးခွဲမှုမှာ ပထမဆုံးဖြစ်ပွားခြင်း ဖြစ်ပြီး သစ်သီး ဟင်းသီးဟင်းရွက်တင်ကားဖြင့် ဖောက်ခွဲရေးပစ္စည်းများ ဖုံးဝှက်တင်ဆောင်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲနှင့် မျက်မြင်များက ပြောသည်။

 ကားမောင်းသူက အဆိုပါကားကို ပါကင်ထိုးခဲ့ပြီး ကွယ်ပျောက်သွားကြောင်း၊ နောက်တွင် ယင်းကားက ပေါက်ကွဲခြင်း ဖြစ်ကြောင်း ပြောကြသည်။  -Ref; BBC


Leave a Reply