အမေရိကန် ဒီမိုကရေစီစနစ်သည် မကြုံဖူးသော တိုက်ခိုက်မှုများ ကြုံတွေ့နေဟု လွှတ်တော်အမတ် ကာမယ်လာ ဟားရစ် ပြောကြား

လွှတ်တော်အမတ် ကာမယ်လာဟားရစ် (Elijah Nouvelage/REUTERS)

 

၂၀၂၀ သမ္မတရွေး ကောက်ပွဲ ဝင်ပြိုင်ရန် တနင်္ဂနွေနေ့က စတင်ကြိုးပမ်းသည့် လွှတ်တော်အမတ် ကာမယ်လာဟားရစ်က သမ္မတ ဒေါ်နယ်ထရန့်၏ မူဝါဒများကို ပြင်းထန်စွာ ဝေဖန်ပြီး အမေရိကန်သည် ဒီမိုကရေစီ အပေါ် ယခင်မကြုံဖူးသော တိုက်ခိုက်မှုနှင့် ကြုံနေရ၍ ရာဇဝင်တွင် သိသာစွာ ပြောင်းလဲမည့် အမှတ်တစ်ခုသို့ ရောက်ရှိနေသည်ဟု ၎င်းက ပြောသည်။

၂၀၁၆ က အထက်လွှတ် တော်သို့ ရွေးကောက်ခံရသော ဟားရစ်(၅၄)နှစ်က လာမည့် သမ္မတ ရွေးကောက်ပွဲတွင် ဝင် ပြိုင်မည်ဟု ပြီးခဲ့သည့် သီတင်း ပတ်အတွင်း ကြေညာခဲ့သည်။

၎င်းသည် ၂၀၂၀ နိုဝင်ဘာတွင် ဒေါ်နယ်ထရန့်အပေါ် အနိုင်ယူလိုသူ ဒီမိုကရက်တစ်ခေါင်းဆောင်များကို ကျော်လွန်၍ ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ခံခဲ့ရသည်။

အမေရိကန် အထက်လွှတ်တော်သို့ ရွေးကောက်ခံရသည့် ဒုတိယမြောက် အာဖရိကအနွယ် အမေရိကန်လူမျိုး မစ္စစ်ဟားရစ် သည် ၎င်း၏ နိုင်ငံရေးသမားဘဝ အစောပိုင်း၌ သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် နှိုင်းယှဉ် ခံခဲ့ရသည်။

‘‘ကျွန်မတို့နိုင်ငံရဲ့ ရာဇဝင်မှာ ကြီးမားတဲ့ အလှည့်အပြောင်း နေရာတစ်ခုကို ရောက်နေပါတယ်’’ဟု မစ္စစ်ဟားရစ်က ပြော သည်။

ယင်းနေရာသို့ မိမိတို့ရောက် ရှိနေခြင်းသည် အမေရိကန်တို့၏ အိပ်မက်နှင့် အမေရိကန်တို့၏ ဒီမိုကရေစီစနစ်သည် ယခင်က မကြုံခဲ့သော ပုံစံမျိုးဖြင့် တိုက်ခိုက် ခံနေရသောကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။

‘‘မီဒီယာလွတ်လပ်ခွင့်ကို အနိုင်ကျင့်တိုက်ခိုက်ပြီး ကျွန်မတို့ရဲ့ ဒီမိုကရေစီအဖွဲ့တွေကို အားလျော့အောင် လုပ်နေတဲ့ ခေါင်းဆောင်တွေ ကျွန်မတို့မှာ ရှိနေချိန်မှာ အဲဒါဟာ ကျွန်မတို့ရဲ့ အမေရိကန်နိုင်ငံ မဟုတ်ဘူး’’ဟု မစ္စစ် ဟားရစ်ကပြောသည်။

ယခုအချိန်အထိ ဟားရစ်အပြင် သမ္မတရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်အမျိုးသမီးခေါင်းဆောင် သုံးဦးရှိပြီး ၎င်းတို့သည် နောက်နှစ် ဇန်နဝါရီတွင် ပါတီတွင်း မဲခွဲမှုကို ကျော်ဖြတ်ရမည် ဖြစ်သည်။      

—Ref: Reuters