စပိန်နိုင်ငံ အွန်လိုင်းတက္ကစီဝန်ဆောင်မှုလုပ်ငန်းများကို ဆန့်ကျင်ဆန္ဒပြ

စပိန်နိုင်ငံ မြို့တော်မဒရစ်မှာ အဓိကလမ်းတွေထဲက တလမ်းဖြစ်တဲ့ ပါစီယိုဒေလာ ကတ်စ်တယ်လာနာ လမ်းပေါ်မှာ ဇန်နဝါရီ ၂၈ ရက် မနက်က ရာနဲ့ချီတဲ့ အငှားယာဉ် တက္ကစီတွေ ပိတ်ဆို့ ဆန္ဒပြနေကြပါတယ်။

အွန်လိုင်းကနေ ဆက်သွယ်ပြီး ကားမျှစီးတဲ့ အူဘာနဲ့ ကာဘစ်ဖိုင်းလို အွန်လိုင်း တက္ကစီ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ဟာ လမ်းပေါ်ကနေ တားစီးတဲ့ တက္ကစီတွေထက် ငှားရမ်းခ သက်သာပါတယ်။ မမျှတတဲ့ ယှဉ်ပြိုင်မှုကို မကျေနပ်ကြောင်း၊ အူဘာနဲ့ ကာဘစ်ဖိုင်းတို့အပေါ် စည်းမျဉ်းတွေကို လျစ်လျူရှုထားတယ်လို့ တက္ကစီသမားတွေက စွပ်စွဲခဲ့ကြပြီး ဇန်နဝါရီ ၂၁ ရက် နေ့တည်းက ဆန္ဒပြနေခဲ့ကြပါတယ်။

စပိန်အစိုးရဟာ စက်တင်ဘာလတုန်းက တက္ကဆီလိုင်စင် ၃၀ မှာ လိုင်စင်အသစ် တခုနှုန်းသာပေးပြီး စည်းမျဉ်းလိုက်နာဖို့ အချိန်လေးနှစ် သတ်မှတ်ခဲ့တာပါ။

စပိန်နိုင်ငံရဲ့ ဒေသတွေအတွင်း သင့်တော်တယ်လို့ ယူဆရင် ဝန်ဆောင်မှုတွေအပေါ် စည်းမျဉ်းတွေကို ကျင့်သုံးဖို့ စည်းမျဉ်းသစ်က ခွင့်ပြုပေးထားပါတယ်။

By DVB