သမ္မတ ပူတင် အပေါ် ပြည်သူလူထုယုံကြည်မှု ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနေ

ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ရုရှားပြည်သူတို့၏ ယုံကြည်မှုမှာ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း နေကြောင်း ရုရှားနိုင်င်ငံ ပြည်သူ့ဆန္ဒ သုတေသနဌာန၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတပူတင်အပေါ် ပြည်သူလူထု၏ယုံကြည်မှုမှာ ၃၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယင်းသို့ကျဆင်းမှုမှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ထောက်ခံမှုအနည်းဆုံး ဖြစ်သည်။

အဆိုပါရလဒ်ကြောင့် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရပြီး လွန်ခဲ့သည့် မတ်လက နောက်ထပ် ခြောက်နှစ်တာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သည့် ပူတင်အတွက် ချက်ချင်းသက်ရောက်မှု မရှိ သော်လည်း သမ္မတရာထူးအတွက် ရေရှည် ယှဉ်ပြိုင်ပွဲတွင် နောက်ထပ်ဆက်ခံမည့်သူများအတွက် ပိုမိုရဲရင့်စေလာနိုင်သည်။

လွန်ခဲ့သည့်နှစ်များက ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းပိုက် ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ပူတင်အပေါ် ယုံကြည်မှုနှုန်းသည် ၇၁ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရောက်ရှိခဲ့သည်။

လွန်ခဲ့သည့်နှစ်သမ္မတ ရွေးကောက်ပွဲတွင် အများပြည်သူယုံကြည်မှုနှုန်း ၅၅ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး နောက်ပိုင်း သုံးလအတွင်း ၃၈ ဒသမ ၃ ရာခိုင်နှုန်း ဆိုးရွားစွာကျဆင်းလာပြီး ၂၀၁၈ ခုနှစ်အကုန်တွင် ၃၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

-Ref: Thestandartime