ဥတ္တရသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သရက်တောကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၄

နေပြည်တော် ဥတ္တရသီရိမြို့ နယ် သရက်တောကျေးရွာအုပ်စု ပိုးစာတောကျေးရွာ ဦးကျော်ခင်၏ နေအိမ်တွင် ရပ်/ကျေးပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်သရက်တော ကျေးရွာအုပ်စု ပိုးစာတောကျေး ရွာနေပြည်ခိုင်ဖြိုးပါတီ၏ရပ်/ကျေး ကော်မတီအဖွဲ့ဝင် ဦးကျော်ခင်၏ နေအိမ်တွင်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပရာသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥတ္တရသီရိမြို့နယ် တာဝန်ခံဦးကျော်ဌေးနှင့်ခရိုင်ကော် မတီဝင် ဥတ္တရသီရိမြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုး ပါတီရပ်/ကျေးဥက္ကဋ္ဌ ဦးသန်းဇော် ဝင်းနှင့် ရပ်/ကျေးကော်မတီဝင် များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား၅ဝတက်ရောက် ခဲ့ကြကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)