ကနီမြို့နယ်တွင်ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပါတီဝင်များနှင့်တွေ့ဆုံ

 

ကနီ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင်ကနီမြို့နယ်နတ်ရဲတောင် ကျေးရွာအုပ်စု နတ်ရဲတောင် ကျေးရွာ မြို့နယ်ကော်မတီဝင် ဦးညဏ်လင်းနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား နှင့်ပါတီဝင်များအားတွေ့ဆုံဆွေးနွေး ပွဲကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီတွင်ကနီမြို့နယ်ပါတီနာယက ဦးရှိန်၊ခရိုင်ကော်မတီဝင်ဦးချစ်မွှေး၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦးနှင့်မြို့နယ်ပါတီကော်မ တီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌတို့က အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပြီး ဆိုင်းဘုတ်တင်ပွဲခမ်းအနားကို ကျင်းပခဲ့ပြီးပါတီဝင်များနှင့်တွေ့ဆုံ ၍ အခမ်းအနားပြီးစီးခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်