သန်လျင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဝါဆိုသင်္ကန်းဆက်​ကပ်​လှူ ဒါန်း

 

( ၉.၈.၂၀၁၇ ) ရက်​​နေ့ နံနက်​( ၁၀း၃၀)အချိန်​တွင်​ သန်လျင်မြို့နယ် ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးတွင်​ ဝါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်းပွဲအခမ်းအနားကျင်းပရာ သန်လျင် မြို့နယ် ဘုံပျံဘုန်းတော်ကြီး သင် ပညာရေးကျောင်းဆရာ​တော်​ ဘဒ္ဒန္တဇနက္ကအမှူးပြု​သော သံဃာ (၅)ပါးအား ဆွမ်းဆက်​ကပ်​ခြင်း၊ ဝါဆိုသင်္ကန်းနှင့်​ လှူ ဖွယ်​ပစ္စည်းများ ဆက်ကပ်​လှူဒါန်း ပြီး​ ရေစက်​သွန်းချအမျှ​ဝေခဲ့ပါသည်​။

အခမ်းအနားတွင်​ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ လူငယ်အဖွဲ့များ၊ ရပ်ကွက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီများမှ စည်းရုံးရေးမှူးများ၊ ဒုတိယစည်းရုံး ရေးမှူး များနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရပါသည်။

USDP သန်လျင်