ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘို စက်တင်ဘာ ၂၅

ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ခရိုင် တိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ရွှေဘိုခရိုင် ပါတီရုံးတွင်ကျင်းပရာ တက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိတို့ မြို့နယ်အလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေး ကြသည်။

ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ရွှေဘိုခရိုင်ကော်မတီဝင်များ၊ ရွှေဘိုခရိုင် ခြောက်မြို့နယ်မှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ တက်ရောက် သည်။ ထို့နောက် ပါတီဗဟိုကော်မတီဝင် ဦးတင့်လှိုင်မြင့်က ပါတီလုပ်ငန်းစဉ်များကိုဆွေးနွေးပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာဦးမြင့်သိန်းက လိုအပ် ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာဦးမြင့်သိန်း၊ ဗဟိုကော်မတီဝင် ဦးတင့် လှိုင်မြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မြို့နယ် ခြောက်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြောင်း သိရသည်။

စိမ်းနိုင်(ဝက်လက်)