ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်

 

တမူး စက်တင်ဘာ၂၅

တမူးပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အတူ ယမန်နေ့က ထင်းဇင်ကျေး ရွာသို့ရောက်ရှိရာ ကျေးရွာပြည်သူ များက လှိုက်လှဲပျူငှာစွာကြိုဆိုခဲ့ ကြသည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲပေးနည်း စနစ်များကို ရှင်းလင်းပြောကြားပြီး ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာက မိမိအနေဖြင့်ဒေသဖွံ့ဖြိုး ရေးအထူးဦးစားပေးလုပ်ဆောင်ပေး မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေမည့်ပြည်သူ့ ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမိတ် ဆက်စကားပြောကြားခဲ့သည်။

ပြည်သူများကမေးမြန်းတင်ပြ ချက်များအား ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေကပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းအားမဲပေး သင့်ကြောင်း၊ ယခင်နှင့်ယခုလက်ရှိ အခြေအနေများကို သုံးသပ်ပြော ကြားခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ(တမူး)