ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုသောအားဖြင့် တောင်တွင်းကြီးပြည်ခိုင်ဖြိုးပါတီမှ လူငယ်များသန့်ရှင်းရေးဆောင်ရွက်

 

တောင်တွင်းကြီး စက်တင်ဘာ ၂၅

တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ဗဟိုအမျိုးသမီးညီလာခံအကြိုထောက်ခံကြိုဆိုလုပ်အားပေးပွဲ ကို ရွှေအင်းတောင်စေတီတော်မြတ်ကြီး ဘုရားရင်ပြင်တော်အတွင်းအပြင် ချုံနွယ် ပိတ်ပေါင်းများ၊ အမှိုက်များရှင်းလင်းခြင်းကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲထောက်ခံကြိုဆိုလုပ်အား ပေးပွဲအား မြို့နယ်ပါတီအတွင်းရေးမှူး၊ မြို့နယ်လူငယ်တာဝန်ခံတို့ ဦးဆောင်လျက် ရပ်ကွက်နှင့် ကျေးရွာအမျိုးသမီးကော်မတီဝင်များ၊ လူငယ်ကော်မတီဝင်များဖြင့် စုပေါင်းသန့်ရှင်းကုသိုလ်ယူခဲ့ကြောင်း သိရသည်။

သန်းတိုးအောင်(တောင်တွင်း)