ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံ ကသာခရိုင်လူငယ်တာဝန်ခံများနှင့်တွေ့ဆုံ

 

အင်းတော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာ အောင်မြတ်ဦးနှင့် ကသာခရိုင်အတွင်းရှိ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့်စစ်ကိုင်းတိုင်းဒေသကြီးလူငယ် ရေးရာတာဝန်ခံဦးအောင်ကိုစံ၊ကသာခရိုင်လူငယ်ရေးရာတာဝန်ခံ ဦးမင်းဇော်မြင့်၊ အင်းတော်မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သူသူဇင်နှင့် ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်မြို့နယ်များမှ လူငယ် ရေးရာတာဝန်ခံ များတက်ရောက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။

လူငယ်(အင်းတော်)