ဂန့်ဂေါပြည်ခိုင်ဖြိုး ရပ်/ကျေးအစည်းအဝေးကျင်းပ

GG

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော ပထမအကြိမ် ရပ်/ကျေးပါတီညီလာခံကို ပြည်ခိုင်ဖြိုးပါတီရုံး၌ မေလ (၂၉) ရက် နံနက် (၈) နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် မဲဆန္ဒနယ်အမှတ်(၁) အခြေအနေနှင့် ပတ်သက်၍ တောင်ခင်ရန်းကျေးရွာ စည်းရုံး ရေးမှူး ဦးမောင်အုံးကလည်းကောင်း၊ မဲဆန္ဒနယ်အမှတ်(၂) အခြေအနေနှင့် ပတ်သက်၍ ဇာဟော ကျေးရွာ စည်းရုံးရေးမှူး ဦးဘိုစိန်ကလည်းကောင်း သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရပ်/ကျေးပါတီ စည်းရုံးရေးမှူးများအား တစ်ဦးချင်း တာဝန်ပေးအပ်ပြီးနောက် ကတိသစ္စာ ခံယူကြသည်။ ထို့နောက် မြို့နယ်ပါတီညီလာခံသို့ တက်ရောက်မည့်သူများအား အဆိုပြုရွေးချယ်ခြင်း၊ ထောက်ခံခြင်းများ ပြုလုပ်ကာရွေးချယ်ခဲ့ကြပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားပြီး နောက် ကြွေးကြော်သံများကြွေးကြော်ကာ အခမ်းအနားကို နံနက် (၁၁) နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရပ်/ကျေးပါတီ စည်းရုံးရေးမှူးနှင့် အမှုဆောင် (၉၆) ဦး၊ ခရိုင်နှင့်မြို့နယ် ပါတီကော်မတီဝင်များ စုစုပေါင်း (၁၂၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယောသားလေး

 

Leave a Reply