ခေတ်သစ်ပြည်သူ့ပါတီ (၇)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက် ဝမ်းမြောက်ကြောင်းအမှာစကားပြောကြား

ခေတ်သစ်ပြည်သူ့ပါတီ၏(၇)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့Lion City Hall မင်္ဂလာခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရေးမှူး ဦးသာဝင်းတို့ တက်ရောက် ခဲ့ကြသည်။

 


အခမ်းအနားတွင် ရှေးဦးစွာ သဘာပတိအဖြစ် တာဝန်ယူဆောင် ရွက်သော ဦးစိန်ဟန်က အဖွင့်မိန့် ခွန်းပြောကြားပြီး နေပြည်တော်၌ ပြုလုပ်ခဲ့သည့် (၇၂) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား သို့ ခေတ်သစ် ပြည်သူ့ပါတီမှ ပေးပို့ခဲ့သော သဝဏ်လွှာကို ခေတ်သစ်ပြည်သူ့ ပါတီဗဟိုကော်မတီဝင် ဦးအောင် မျိုးက ဖတ်ကြားခဲ့သည်။

ယင်း နောက် ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က အမှာစကားပြောကြားခဲ့ပြီး ခေတ် သစ်ပြည်သူ့ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အထွေထွေ အတွင်းရေးမှူးဒေါ်ရီရီစံက ‘ပါတီ ၏ရှေ့ခရီး’ခေါင်းစဉ်ဖြင့်ရှင်းလင်း တင်ပြသည်။ ထို့နောက် ခေတ်သစ် ပြည်သူ့ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီတွဲဖက်အထွေထွေအတွင်း ရေးမှူးဦးဝင်းမောင်က’အမေရိကန် ဒီမိုကရေစီနှင့်အမေရိကန်ပြည်သူတို့ လုံခြုံရေး’ ခေါင်းစဉ်ဖြင့် ဟော ပြောခဲ့သည်။ ထို့နောက် ခေတ်သစ် ပြည်သူ့ပါတီနှင့် ပတ်သက်သည် များကို ဆွေးနွေးတင်ပြခဲ့သည်။

အစီအစဉ်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (အငြိမ်းစား) ဦးတင်အေးက ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားရာတွင် ခေတ်သစ်ပြည်သူ့ပါတီ (၇)နှစ် မြောက်နှစ်ပတ်လည်အခမ်းအနား သို့တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရပြီး ယခုကဲ့သို့ဝမ်းမြောက် ကြောင်း ပြောကြားခွင့်ရသည့် အတွက် ပါတီဥက္ကဋ္ဌဦးထွန်းအောင် ကျော်နှင့်ခေတ်သစ်ပြည်သူ့ပါတီ ဝင်များအားကျေးဇူးတင်ကြောင်း၊ ၄င်းကိုယ်တိုင် နိုင်ငံရေးလောက အတွင်း ဝင်ရောက်လာချိန်တွင် နိုင်ငံရေးပုဂ္ဂိုလ်များကို အထူး လေးစားကြောင်း၊ နိုင်ငံရေးအလုပ် သည် လူတိုင်းလုပ်နိုင်သောအရာ တော်ရုံလူ လုပ်နိုင်သောအရာ မဟုတ်ကြောင်း၊ လူလည်းအမြင် ကတ်ခံရပြီး မိမိ၏အချိန်လုပ်အား နှင့် စေတနာတို့အများကြီး ပေး ဆပ်ကြရကြောင်း၊အခြေခံလူမှုရေး စိတ်ဓာတ်မရှိဘဲ၊ အခြေခံမိမိတိုင်း ပြည်နှင့်လူမျိုးကို ချစ်ခင်စိတ်မရှိ ဘဲ၊ အခြေခံပရဟိတစိတ်ဓာတ်မရှိ ဘဲနိုင်ငံရေးအလုပ်ကို လွယ်လွယ် နှင့်လုပ်၍မရကြောင်း၊ ပါတီ အာဏာရနေသည့်အချိန်တွင် ထို ပါတီသို့ဝင်သော ပုဂ္ဂိုလ်များနှင့် လက်ရှိမည်သည့် မျှော်လင့်ချက် မရှိသေးသောအချိန်တွင်ရောက်နေ သည့်နိုင်ငံရေးပါတီထဲသို့ဝင်သော ပုဂ္ဂိုလ်များအားယှဉ်ကြည့်ပါက အလေးအပေါ့မတူကြောင်း၊ ယခု အချိန်တွင်လက်ရှိမည်သည့် မျှော် လင့်ချက်မရှိသေးသော ယခုကဲ့သို့ နိုင်ငံရေးပါတီတွင် ပါဝင်နေသော နိုင်ငံရေးပုဂ္ဂိုလ်များကို ပို၍လေးစား ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် သဘာပတိဦးစိန် ဟန်က အခမ်းအနားအပိတ်မိန့်ခွန်း ပြောကြားပြီးမြနန္ဒာသီချင်းနှင့်အက များဖြင့်ဖျော်ဖြေဧည့်ခံခဲ့ကြောင်း သိရသည်။ထို့နောက် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး သည်ခေတ် သစ်ပြည်သူ့ပါတီ (၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ဧည့် သည်တော်မှတ်တမ်းတွင်လက်မှတ် ရေးထိုးပြီးအမှတ်တရဓာတ်ပုံများ ရိုက်ကူးကာအခမ်းအနားကို ရုပ် သိမ်းခဲ့သည်။