ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဆူးဖဲလောမူလတန်းလွန်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

လွိုင်ကော် – နိုဝင်ဘာ ၁၅

(၁၅-၁၁-၂၀၁၈) ရက်နေ့နံနက် (၁၀း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်အထိ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စု ဆူးဖဲလောမူလတန်းလွန်ကျောင်း ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ နှင့် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းက အမှာစကား တက်ရောက်ပြောကြားပြီး ဗလာစာအုပ် (၃၆) ဒါဇင်နှင့် ခဲတံ (၃၆) ဒါဇင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့အတူ ဆူးဖဲလောဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်ကာ နဝကမ္မ အလှူငွေနှင့် သင်္ကန်းတစ်စုံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းသို့သွားရာက်ရာတွင် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ် အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော လွိုင်ကော်မြို့နယ်တာဝန်ခံ ဦးကျော်သင်း ရှားတောမြို့နယ်တာဝန်ခံ ဖြစ်ကြသော ဦးရဲဝင်းနှင့် ဦးဌေးရယ် လွိုင်ကော်မြို့နယ် အတွင်းရေးမှူး ဦးကူးရယ်နှင့် ရှားတောမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးစေရယ်နှင့် ဦးဖြေရယ်တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ