ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ကျေးလက်နေဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ယမန်နေ့မွန်းလွဲပိုင်းတွင် ပေါင်းတည်မြို့နယ် ကြို့ပင်သာအုပ်စု ခုံကြီး စွန်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်ထားထားနု (ပဲခူး-အနောက် တိုင်းဒေသကြီးပါတီကော်မတီဝင်)၊ ဒေါ်ဆွေဆွေသင်း (ခရိုင်အတွင်းရေးမှူး)၊ ပေါင်းတည်တာဝန်ခံနှစ်ဦးနှင့်အတူ မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ မြို့နယ်ရေးရာကော်မတီဝင်များလိုက်ပါလျက် ဒေသခံကျေးလက် ပြည်သူများနှင့်တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပါတီရေးရာသဘောထားများကို ရှင်းလင်းပြောကြားခဲ့ပြီး ရေးရာအလိုက်ဖွဲ့စည်းရေးများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဒေသခံပြည်သူများ၏ သိရှိလိုမှုမေးမြန်းချက်များကို မြို့နယ်ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဟန်ဝင်းရွှေ(ပေါင်းတည်)