ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

အုတ်တွင်း၊ အောက်တိုဘာ ၃ဝ

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် အုတ်တွင်းမြို့နယ် မဲဆန္ဒ နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ယနေ့နံနက် ၁ဝ နာရီ တွင် အုတ်တွင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များနှင့် တွေ့ ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လွှတ် တော်ကိုယ်စားလှယ်လောင်းဦးဝင်း မြင့်က တက်ရောက်လာကြသော မဲရုံကိုယ်စားလှယ်များ၊ အကူ ကိုယ်စားလှယ်များအားမဲရုံအတွင်း ၌လည်းကောင်း၊ မဲရုံပြင်ပ၌ လည်း ကောင်းရှောင်ရန်ဆောင်ရန်အချက် အလက်များကိုရှင်းလင်းပြောကြား ပြီးနောက် တက်ရောက်လာသော မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ် စားလှယ်များမှ မရှင်းလင်းသည် များ ပြန်လည်မေးမြန်းမှုများကို ဦးဝင်းမြင့်ကမေးမြန်းချက်များအား ပြန်လည် ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

နေကာယံ(အုတ်တွင်း)