ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် အစည်းအဝေး ကျင်းပ

 

ပျဉ်းမနား ဇွန် ၉

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် အစည်း အဝေး (၆/၂ဝ၁၉) ကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူ ကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် လူငယ်ပါတီဝင် သီဟသွေးတို့ စုံလင်စွာ တက်ရောက် ခဲ့ကြသည်။

ပထမဦးစွာ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်က အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်က ရမည်းသင်းမြို့၌ တက်ရောက် လေ့လာခဲ့ရသော ဆပ်ပြာ၊ ခေါင်းလျှော် ရည်ပြုလုပ်နည်း များကိုလည်းကောင်း ပြန်လည်ဝေမျှခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ- ၅၉ (စ) ပါ အကြောင်းအရာများ၊ ရပ်ကျေးပါတီဆိုင်းဘုတ်များ ပြန်လည်ပြုပြင်မည့် ကိစ္စများ အပါအဝင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ လူငယ်လှုပ်ရှားမှု ခေါင်းဆောင် ဦးထက်မင်းအောင်က အမာခံ ပါတီဝင်လူငယ်များကို ရွေးကောက်ပွဲဖြစ်စဉ်များတွင် ပါဝင်လာနိုင်စေရေး အပါအဝင် လူငယ်များ၏ အခန်းကဏ္ဍများကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။ ဆက်လက်ပြီး ဒေါ်ဖြူဖြူကျော်၊ ဒေါ်ဝင်းဝင်းသီနှင့် ဒေါ်သီတာဦးတို့က ဆပ်ပြာရည် ပြုလုပ်မှုများအတွက် သရုပ်ပြ လုပ်ဆောင်ခဲ့ပြီး တက်ရောက်လာသူများကို ဆပ်ပြာရည်ဘူးများ လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထက်ဦး(ပျဉ်းမနား)