ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရေနံချောင်း အောက်တိုဘာ ၃ဝ

မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အစီအစဉ် သုံးခုခွဲ၍ကျင်းပရာတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့် အောင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းတို့က အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ အစုအဖွဲ့များခွဲ ပြီး နှီးနှောဖလှယ်ပွဲတွင်တင်သွင်း မည့် စာတမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်း၊ဖတ်ကြားခြင်း၊သဘာ ပတိကမှတ်တမ်းတင်ခြင်း၊အတည် ပြုခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များချမှတ် ခြင်းတို့ကိုဆောင်ရွက်ကြပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ မွန်းလွဲ ၁ နာရီခွဲတွင် အခမ်းအနားကို ပြည်ခိုင်ဖြိုးဟေ့သီချင်းသံပြိုင်သီဆို ၍ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့် အောင်၊ တိုင်းဒေသကြီးပါတီကော် မတီဝင်ဦးစောဝင်းမောင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့ နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးယုယုသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။

မင်းဇော်(မကွေး)