ပုသိမ်လေးကျေးရွာတွင် ပါတီဆိုင်းဘုတ်အသစ်တင်

 

ပုသိမ်ကြီး အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ပုသိမ်လေးကျေးရွာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်း ဘုတ်အသစ် ပြန်လည်တင်ခြင်း အခမ်း အနားကို ယမန်နေ့က ပုသိမ်လေးကျေးရွာ ဦးဖိုးကောင်း၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဆွေသန်း၊ အတွင်းရေးမှူးဦးကိုကို လွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်နှင့်ကော်မတီ ဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင် များတက်ရောက်ခဲ့သည်။ ဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် ပါတီအနေဖြင့် ဟောင်းနွမ်းနေသော ပါတီဆိုင်းဘုတ်များ အားဥပဓိရုပ်ကောင်းမွန်ရေးအတွက် အသစ် ပြန်လည်တင်ခြင်းများ ပြုလုပ်လျက်ရှိရာ ကျေးရွာအုပ်စု ၁ဝ အုပ်စုတွင် ပြီးစီးပြီး ကျန်ကျေးရွာများကိုလည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးဆန်း