ပေါက်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ပေါက်တော အောက်တိုဘာ ၂၈

ပေါက်တောမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက်၈နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ယင်းအခမ်းအနားသို့ပြည်နယ် ကော်မတီ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့ နယ်ကော်မတီများ၊ ရုံးဝန်ထမ်းများ နှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီ ဝင်များ တက်ရောက်ခဲ့ပြီး အခမ်း အနားကိုသဘာပတိအဖွဲ့မှနေရာယူ ပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ် ခဲ့သည်။ ထို့နောက် ပြည်နယ် ကော်မတီကမိတ်ဆက်အမှာစကား ပြောကြားပြီးမြို့နယ်ပါတီဥက္ကဋ္ဌက နှီးနှောဖလှယ်ပွဲကျင်းပရသည့်ရည် ရွယ်ချက်အသေးစိတ်ကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြ သော ရပ်/ကျေးအမျိုးသမီးကိုယ် စားလှယ်များမှအစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့သည်။

အခမ်းအနားဒုတိယပိုင်းတွင် စာတမ်းများဖြစ်သည့် အမျိုးသမီး များနှင့်နိုင်ငံရေးအခန်းကဏ္ဍ မြှင့် တင်ရေးစာတမ်းကို မညွန့်ညွန့်စိန် ကလည်းကောင်း၊ အမျိုးသမီးများ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို မမြတ်နိုးဝေကလည်းကောင်း၊အမျိုး သမီးထုအတွင်းအမျိုးဂုဏ်၊ ဇာတိ ဂုဏ်၊ ထိန်းသိမ်းရေး၊ အမျိုးအမီး များ၏အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ရေစာတမ်းများကိုပါတီဝင်မှလည်း ကောင်း၊ အမျိုးသမီးပါတီဝင်သစ် များ စုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ် ဆက်မပြတ် လေ့ကျင့်ပျိုးထောင် ပေးရေးစာတမ်းကို မခင်ခင်စိုး ကလည်းကောင်း ဖတ်ကြားတင် သွင်းခဲ့ကြသည်။ ထို့နောက် အမျိုး သမီးနှီးနှောဖလှယ်ပွဲ၏တွေ့ရှိချက် များမှတ်တမ်းတင်ခြင်းနှင့် ရှေ့ လုပ်ငန်းစဉ်များကို ပါတီဥက္ကဋ္ဌ ကလည်းကောင်း တင်သွင်းခဲ့ပြီး မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ သဘာပတိဒေါ်မဂေါက်ကမှတ်တမ်း တင်ခြင်း၊ အတည်ပြုခြင်း၊ ရှေ့လုပ် ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ပြီးနောက် မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ မှ နိဂုံးချုပ်အမှာစကားပြောကြား ကာအမျိုးသမီးလူငယ်အဖွဲ့မှ”ပြည် ခိုင်ဖြိုးဟေ့” တေးသီချင်းဖြင့် သံပြိုင်သီဆို၍ အခမ်းအနားကို မွန်းလွဲ ၂နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။