အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မှော်ဘီပြည်ခိုင်ဖြိုး ကျင်းပ

 

မှော်ဘီ၊ အောက်တိုဘာ ၂၈

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ
ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် တက်ရောက်ကာအဖွင့်အမှာစကားပြောကြားသွားပါသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်သည်။ ထို့နောက် ပါတီဗဟိုကော်မတီဝင်၊မြောက်ပိုင်းခရိုင်တာဝန်ခံဦးတင်မောင်ဝင်းမှ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားပါသည်။

ယင်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံတို့မှ အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် အမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့ ၄ ဖွဲ့ခွဲကာ စာတမ်းများ ဆွေးနွေးကြပြီး တိုင်းဒေသကြီးအမျိုးသမီးညီလာခံတက်ရောက်ကြမည့် အမျိုးသမီးကိုယ်စားလှယ်များအား ရွေးချယ်ခဲ့ကြပြီး အခမ်းအနား ပထမပိုင်းအစီအစဉ်ပြီးမြောက်သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့နေရာယူပြီး တိုင်းဒေသကြီးအမျိုးသမီးညီလာခံအား တက်ရောက်ကြမည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းများအား သဘာပတိမှဖတ်ကြားတင်ပြပြီး မြို့နယ်အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များထုတ်ပြန်ခြင်းအား ပြုလုပ်ခဲ့ကြသည်။

အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး” ပြည်ခိုင်ဖြိုးဟေ့” သီချင်းအားစုပေါင်းသီဆိုကြကာ အခမ်းအနားအား ရုတ်သိမ်းလိုက်သည်။

အခမ်းအနားသို့ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊တိုင်းဒေသကြီးပါတီနာယက(ပထမအကြိမ်)မှော်ဘီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်၊ပါတီဗဟိုကော်မတီဝင်ဒေါက်တာနေလင်းနှင့်ဦးတင်မောင်ဝင်း၊မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးတင်ယုနှင့်ခရိုင်ပါတီကော်မတီဝင်များ၊မှော်ဘီမြို့နယ်ပါတီဥက္ကဋ္ဌဦးလှဦး
နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့်ရပ်ကျေးကော်မတီဝင်များ၊အမျိုးသမီးရေးရာကော်မတီဝင်များ အင်အား(၁၆၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။