သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင် ပရဟိတအသင်းသို့ငွေလှူ

 

သာစည် အောက်တိုဘာ ၂၈

သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့က အုတ်တွင်းကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်ခဲ့ပြီး အားမာန်သစ် ပရဟိတအသင်းသို့ အလှူတော်ငွေပေး အပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းနှင့် ဦးစံထွန်း၊ မြို့နယ် ကော်မတီဝင်များတက်ရောက်ခဲ့ပြီး ပြည်သူ များနှင့်စကားဝိုင်းဆွေးနွေးကြပြီး ပရဟိတ အသင်းသို့ ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်း လှူဒါန်းခဲ့သည်။ ထို့နောက် မြိုင်သာ/ဆင်ရွာကျေးရွာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။