ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ Mr. Hedo Watanabe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

13339576_390597731115360_5162471719934656533_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ Mr; Hedio Watanabe နှင့် အဖွဲ့အား မေလ (၃၁) ရက် ညနေ (၄)နာရီ အချိန်က ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တတ်ရောက်ကြသည်။

ထိုသို့တွေဆုံရာတွင် ဂျပန်-မြန်မာ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ရေးထိုး ထားပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စားဝတ်နေရေး ကိစ္စရပ်များအတွက် အကူအညီပေးအပ်ခဲ့မှုများအား ကျေးဇူးတင်ရှိကြောင်း နှင့် ဆက်လက်အ ကူအညီများပေးအပ်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ပါတီဥက္ကဌကြီး ဦးသိန်းစိန် သည် နေပြည်တော်သို့ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ် ပါတီအသီးသီးမှ လူငယ်အဖွဲ့ဝင်များနှင့် ရင်းနှီးပွင့်လင်းစွာ (၃၁-၅-၂၀၁၆) ရက်နေ့ ညနေပိုင်းက ပါတီဌာနချုပ်တွင် တွေ့ဆုံခဲ့ပါသည်။ ပါတီဝင် လူငယ်များမှလည်း ဘဘဦးသိန်းစိန်အား ဂါရ၀ပြု ခဲ့ကြပါသည်။


Leave a Reply