မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

မြောင်းမြ အောက်တိုဘာ ၁ဝ

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟို အမျိုးသမီးညီလာခံအကြိုနှီးနှောဖ လှယ်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီ က ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံအလေး ပြုခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်း များဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်ခင်စောမူတို့က အမှာစကားပြောကြားပြီး မြို့နယ် ပါတီကော်မတီဝင်၊အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ဌေးဌေးဝင်းက ဗဟို အမျိုးသမီးညီလာခံအကြိုနှီးနှော ဖလှယ်ပွဲကျင်းပမည့် အစီအစဉ် များ ရှင်းလင်းတင်ပြသည်။

တတိယပိုင်းအစီအစဉ်အရ ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များ က အမျိုးသမီးများဘဝဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ စာတမ်းများ ဖတ်ကြားခြင်း၊တိုင်းဒေသကြီးပါတီ အမျိုးသမီးညီလာခံသို့တက်ရောက် မည့်ကိုယ်စားလှယ် စာရင်းတင်ပြ ခြင်း၊သဘာပတိအဖွဲ့ကမှတ်တမ်း တင်ခြင်း၊အတည်ပြုခြင်း၊ရှေ့လုပ်ငန်း စဉ်များချမှတ်ခြင်းများဆောင်ရွက် ပြီး တိုင်းဒေသကြီးပါတီကော်မ တီဝင် မြောင်းမြခရိုင်တာဝန်ခံ ဦးပြုံးချို၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်း မော်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌဦးဝင်းမော်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ရပ်ကွက်/ ကျေးရွာအုပ်စုပါတီအမျိုးသမီးရေး ရာ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

အောင်မင်း(မြောင်းမြ)