မိုးကောင်းတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုမြို့နယ်အဆင့်နှီးနှောဖလှယ်ပွဲကျင်းပ

 

မိုးကောင်း အောက်တိုဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို မြို့နယ်အဆင့်နှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် မိုးကောင်း မြို့နယ်ပါတီရုံး၌ကျင်းပရာ သဘာ ပတိအဖြစ် မြို့နယ်ပါတီကော်မတီ ဝင် မြို့နယ်ပါတီအမျိုးသမီးရေးရာ တာဝန်ခံဒေါ်နန်းကြည်နှင့် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင် တို့က အမှာစကားပြောကြားပြီး မြို့နယ်ပါတီ အမျိုးသမီးရေးရာ ကော်မတီဝင်ဒေါ်ခင်မာအေးက နှီး နှောဖလှယ်ပွဲကျင်းပရခြင်းနှင့်စပ် လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ရပ်ကွက်ကျေး ရွာအုပ်စုအလိုက် တက်ရောက်လာ ကြသည့် အမျိုးသမီးကိုယ်စား လှယ်များက မြို့နယ်အဆင့်နှီးနှော ဖလှယ်ပွဲသို့ စာတမ်းများပြုစုတင် သွင်းနိုင်ရေးအတွက် အစုအဖွဲ့လေး ဖွဲ့ခွဲ၍ ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် နောင်ကိုင်တော်ရပ် ကွက်မှအမျိုးသမီးရေးရာ ကော် မတီဝင်မဇင်မာဝေက”အမျိုးသမီး ပါတီဝင်အသစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝပြည့်နှစ်ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ပါတီဝင်အမျိုး သမီးများအားစဉ်ဆက်မပြတ် လေ့ ကျင့်ပျိုးထောင်ပေးရေး”စာတမ်း ကိုလည်းကောင်း၊နတ်ကြီးကုန်းရပ် ကွက်မှအမျိုးသမီးရေးရာ ကော်မ တီဝင်မအေးအေးသင်းက ”မြန်မာ အမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမြှင့်တင်ရေး” စာ တမ်းကိုလည်းကောင်း၊ ကျွန်းပင် သာကျေးရွာအုပ်စုအောင်ရှမ်းစုကျေး ရွာမှ အမျိုးသမီးရေးရာကော် မတီဝင်မစန်းစန်းဝင်းက ”အမျိုး သမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်း သာယာမှုနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး”စာတမ်းကို လည်းကောင်း၊ မြတောင်ကျေးရွာ အုပ်စုမှ အမျိုးသမီးရေးရာ ကော် မတီဝင်မဝေဝေလင်းက ”အမျိုး သမီးထုအတွင်း အမျိုးဂုဏ်ဇာတိ ဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီး များ၏ အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ရေး”စာတမ်းကိုလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။

အစီအစဉ်အရ သဘာပတိ မြို့နယ် ပါတီကော်မတီဝင် မြို့နယ် ပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းကြည်က မြို့နယ်အဆင့်နှီး နှောဖလှယ်ပွဲမှရရှိသည့် မှတ် တမ်းတင်ခြင်းလေးရပ်၊ ဆုံးဖြတ် ချက်တစ်ရပ်နှင့် ရှေ့လုပ်ငန်းစဉ် သုံးရပ်တို့ကို တက်ရောက်လာကြ သူများထံမှ အတည်ပြုချက်ရယူပြီး ”ပြည်ခိုင်ဖြိုးဟေ့” တေးသီချင်း သံပြိုင်သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)