မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပညာရေးဌာနသို့ Mask များလှူဒါန်းခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

 

မုဒုံ ဇွန် ၂၃

မွန်ပြည်နယ် ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင် ပါတီကော်မတီဝင် ဦးမင်းအောင်မြင့်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သက်တင်နှင့် ပါတီကော်မတီဝင်များသည် အထက (၁) တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော Grade- 7 အထိ သင်ရိုးသစ်သင်တန်းသို့ တက် ရောက်နေသော သင်တန်းသား ဆရာဆရာမများ၊ နည်းပြများ၊ ကြီးကြပ်သူများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၆ဝဝ အတွက် Mask ၁၂ဝဝကို သွားရောက်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက လက်ခံရယူသည်။

သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့က အထက (၁)၊ အထက (၂)၊ အထက (၃) နှင့် ဗိုလ်တေဇအထက (ခွဲ) များသို့ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မိုးဆန်း