ဒဂုံမြို့သစ်(မြောက်ပိုင်း)၄၉ရပ်ကွက်တွင်ဖြိုးစေတနာသွားနှင့်ခံတွင်းအခမဲ့ကုသ

 

ရန်ကုန် အောက်တိုဘာ ၁ဝ

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါကွင်းဆင်းကုသ ရေးအဖွဲ့မှအမှတ်(၄၉)ရပ်ကွက် ဘုရင့် နောင် လမ်းမကြီးရှိဓမ္မဘဏ္ဍာဂါရိက ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉နာရီခွဲက သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ကွင်းဆင်းကုသမှုပေးခဲ့သည်။
အဆိုပါကွင်းဆင်းကုသမှုဆောင် ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှုတာဝန်ခံ မြို့နယ် ပါတီကော်မတီဝင် ဒေါက်တာဇော် လင်းပြုံးက သွားနှင့်ခံတွင်းရောဂါ ဝေဒနာရှင်များအား အခမဲ့ကုသမှုပေးခဲ့ သည်။

ကွင်းဆင်းကုသရာသို့ မြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းစိုး၊ မြို့ နယ်ကော်မတီဝင်လူငယ် တာဝန်ခံ ဦးမင်းဇော်ဦး၊ ဦးမြင့်ဦးနှင့် ရပ်ကွက် ပါတီဥက္ကဋ္ဌများဖြစ်သော ဒေါ်ချိုချို လှိုင်နှင့်ဦးတင်ဆန်းအောင်၊ ရပ်ကွက် များမှ ပါတီဝင်များ ပူးပေါင်းပါဝင်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်ဆန်းအောင်