ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် လက်ပံတန်းပြည်ခိုင်ဖြိုး လုပ်အားဒါနပြုလုပ်

 

8-10-2018 လက်ပံတန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်မည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်အားဒါနတစ်ခုကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလုပ်အားဒါနပြုလုပ်ပွဲကို ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သရောင်းပြင်အုပ်စု၊ သရောင်းပြင်ကျေးရွာရှိ ဇိနမာရ်အောင်ဘုရားဝန်အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ မြက်များ၊ ဘုရားဝန်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများက လုပ်အားဒါနများ ပြုလုပ်ခဲ့ကြပါသည်။