ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

 

ပေါင်၊ အောက်တိုဘာ ၇

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော်ဖလှယ်ပွဲကို မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၇ ရက်နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်သည်။ ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်းမှ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံတို့မှ အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် အမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့ ၄ ဖွဲ့ခွဲကာ စားတမ်းများ ဆွေးနွေးကြပြီး ပြည်နယ်အမျိုးသမီးညီလာခံတက်ရောက်ကြမည့် အမျိုးသမီးကိုယ်စားလှယ်များအား ရွေးချယ်ခဲ့ကြပြီး အခမ်းအနား ပထမပိုင်းအစီအစဉ်ပြီးမြောက်သည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့မှ နေရာယူပြီး ပြည်နယ်အမျိုးသမီးညီလာခံအား တက်ရောက်ကြမည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းများအား ဖတ်ကြားတင်ပြပြီး မြို့နယ်အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ထုတ်ပြန်ခြင်းအား ပြုလုပ်ခဲ့ကြသည်။
အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး” ပြည်ခိုင်ဖြိုးဟေ့” သီချင်းအား စုပေါင်းသီဆိုကြကာ အခမ်းအနားအား ရုတ်သိမ်းလိုက်ပါသည်။