ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး​ကော်​မရှင်​ ဒု-ဥက္ကဌ၊ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိ

 

မြစ်​ကြီးနား ​ဖေ​ဖော်​ဝါရီ ၆

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး​ကော်​မရှင်​ ဒု-ဥက္ကဌ၊ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​သည်​ ယ​နေ့ (၆-၂-၂၀၁၉) ရက်​​နေ့ မွန်းလွဲ ၁၂း ၅၅ နာရီအချိန်​တွင်​ Myanmar airway ​လေ​ကြောင်းလိုင်းဖြင့် မြစ်​ကြီးနားမြို့သို့ ​ရောက်​ရှိလာခဲ့သည်။

ကချင်​ပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌ ဦးရားဝမ်​ဂျုံနှင့် ပြည်နယ်​ပါတီ​ကော်​မတီဝင်​များ၊ အရန်​ပြည်​နယ်​ပါတီ​ကော်​မတီဝင်​များ၊ မြစ်​ကြီးနားခရိုင်​ပါတီ ဥက္ကဌနှင့်​​ကော်​မတီဝင်​များ၊ မြစ်​ကြီးနားမြို့နယ်​ ပါတီအတွင်း​ရေးမှူးနှင့် ကော်​မတီဝင်​များမှ သွား​ရောက်​ကြိုဆိုခဲ့ကြပြီး၊ ပြည်​နယ်​ပါတီရုံး ဧည့်ရိပ်သာဆောင်သို့ ညအိပ်​အ​ခြေပြုလျက်​ရှိပါသည်​။

Usdp Kachin State