ဂိုး ၈၀၀၀ မြောက်ကို လာမီလာ သွင်းခဲ့တာလို့ UEFA အတည်ပြု

ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ဂိုး ၈၀၀၀ မြောက်ကိုသွင်းယူခဲ့သူက အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းမဟုတ်ဘဲ စပါးကွင်းလယ်လူ လာမီလာ ဖြစ်တယ်လို့ UEFA ကအတည်ပြုလိုက်ပါတယ်။ အစောပိုင်းမှာ ဘရုဂျက်ဘက် ကို ဂရစ်ဇ်မန်းသွင်းတဲ့ ဂိုးက ၈၀၀၀ မြောက်ဖြစ်တယ်လို့ သတ်မှတ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာစီလိုနာ ဘက်ကို လာမီလာသွင်းခဲ့တဲ့ ဂိုးကသာအမှန်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုဖြစ်ရတာဟာ အချက်အလက် ကောက်ခံတဲ့စနစ် အမှားအယွင်းကြောင့်ဖြစ်ပြီး အခုလို အငြင်းပွားစရာဖြစ်စေမယ့် ထုတ်ပြန်ခဲ့မှု အတွက် တောင်းပန်တယ်လို့ UEFA က ကြေညာသွားခဲ့ပါတယ်။ လာမီလာဟာ စပါးက ၀င်ဘလေကွင်းမှာ ဘာစီလိုနာ ကို ၄-၂ နဲ့ ရှုံးခဲ့တဲ့ပွဲရဲ့ ပွဲချိန် ၆၆ မိနစ်မှာ စပါးအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

UEFA ရဲ့ မှားယွင်း ထုတ်ပြန်မှုကြောင့် ၀က်ဘ်ဆိုက်တွေကြားထဲမှာ ရော ပရိသတ်တွေကြားထဲမှာပါ အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါသေးတယ်။ ချန်ပီယံလိဂ် ရဲ့ပထမဆုံးဂိုးကိုတော့ ၁၉၉၂၊ နိုဝင်ဘာ ၂၅ မှာ ဘရုဂျက် တိုက်စစ်မှူး အမိုကာချီက CSKA မော်စကို ဘက်ကို သွင်းခဲ့တာဖြစ်ပါတယ်။

90Minutes