ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျ

 

ကနီ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးယင်းမာ ပင်ခရိုင် ကနီမြို့နယ် မုဌောအုပ်စု ရပ်/ကျေးပါတီဥက္ကဋ္ဌ နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ယင်းမာပင် ခရိုင် ပါတီကော်မတီဝင် ဦးမောင် မောင်ဝင်း(လူငယ်တာဝန်ခံ)၊ ခရိုင် ပါတီကော်မတီဝင် ဦးညွန့်၊ ကနီ မြို့နယ်ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ ပါတီအတွင်းရေးမှူး ဒေါ်မာမာဦး(အမျိုးသမီးတာဝန်ခံ) နှင့် မြို့နယ်ပါတီကော်မတီဝင်များရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များ စုစုပေါင်းအင်အား ၄ဝ တက် ရောက်ကြပြီး သပြေပန်းများ၊ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတက်ရောက်လာသူများအား ပါတီဥက္ကဋ္ဌဦးကျန် ထွန်းက ပါတီဆိုင်းဘုတ်တင်ရခြင်းကိုရှင်းလင်းပြီး လက်ရှိဖြစ်ပေါ် ကြုံတွေ့နေရသည့် နိုင်ငံရေး၊ လူမှုရေး၊စီးပွားရေးနှင့်သဘာဝပတ်ဝန်း ကျင် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် နိုင်ငံသူနိုင်ငံသားအများစု ဒုက္ခတွေ့နေရသည့်အခြေအနေများနှင့် ပြန်လည်ရင်ဆိုင်ဆောင်ရွက်ရ မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အတွင်းရေးမှူးဒေါ်မာမာဦး(အမျိုးသမီးရေးရာ တာဝန်ခံ)က အမျိုးသမီးရေးရာ၊ အမျိုးသမီးတို့ဘဝလုံခြုံမှုနှင့်ပတ် သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာ သည့် ဒေသခံပြည်သူများက သိလိုသည်များကို ပါတီနာယကဦးရှိန် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ တက်ရောက်လာသူများအား ပါတီသော့ချိတ်များနှင့် ပြည်ထောင်စုနေ့စဉ်သတင်းစာများလိုက်လံ ဝေငှပြီး နံနက် ၁ဝ နာရီတွင် အခမ်းအနားပြီးစီးခဲ့သည်။၊

အောင်မျိုးထွန်း