ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Peace and Development ဖောင်ဒေးရှင်းဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Peace and Development ဖောင်ဒေးရှင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Madam Yu Xiaoxuan ခေါင်းဆောင်သည့် အဖွဲ့ဝင်ကိုးဦးပါ ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်      ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် China Peace and Development ဖောင်ဒေးရှင်း၏ ပရဟိတလုပ်ငန်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ချစ်ကြည်ရေးတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်  ရေးလုပ်ငန်းများကို နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင် ဒေါက်တာထိန်ဝင်း၊ အလင်းရောင်ဖောင်ဒေရှင်း ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်းနှင့်ဦးဆွေဝင်း၊ အကြံပေးပါတီဌာနချုပ်တို့ တက်ရောက်ခဲ့သည်။

Union daily