ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်း

 

မင်းပြား စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက မင်းပြားမြို့ပေါ်ရှိ ကျိန်းတောင်ဇီဝှ ဓာတ်တော်ဘုရားရင်ပြင်ပေါ်၌ ယမန်နေ့က ဥပုသ်သီလတည်ဆောက်ရန် ရောက်ရှိလာ သောပုဂ္ဂိုလ်များအား ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးမှ သိရသည်။

အဆိုပါဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ပြည်နယ်ကော်မတီဝင် ဦးဦးဘသိန်း၊ ခရိုင် ကော်မတီဝင် ဦးသခင်ချို၊ မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင်စောသန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ စည်းရုံး ရေးမှူးများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်းက မိမိတို့အနေဖြင့် ဆွမ်း ဆက်ကပ်လှူဒါန်းရခြင်း၏ရည်ရွယ်ချက်နှင့် အမျိုးဘာသာ သာသနာရေး တည်တံ့ခိုင်မြဲ ရေးကို မမှိတ်မသုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူ့အကျိုးများကို စွမ်း စွမ်းတမံပူးပေါင်း ပါဝင်ဆောင်ရွက်သွား မည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဥပုသ်သီလတည်ဆောက် ရန် ရောက်ရှိလာကြသည့် သီလဝံသပုဂ္ဂိုလ် စုစုပေါင်း၄၉ဝတို့ကိုဥတုဘောဇနသုံးဆောင် နိုင်ရန် စတုဒိသာဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် တာဝန်ရှိသူတို့က ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အောင်လှဖြူ(ရမ်းဗြဲ)