ပါတီဝင်သစ်များပါတီဝင်လျှောက်လွှာများရေးသွင်း

ကျောက်ဆည် ဖေဖော်ရီ ၁၂

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးစိုးစိုးထွန်း၊ မြို့နယ်ကော်မတီဝင် ဦးခင်မောင်ဝင်း၊ ဒေါ်ထက်ထက်ကို တို့သည် ကျောက်ဆည်မြို့၊ တံတားလည်ရပ်ကွက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် တံတားလည်ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီသို့ အသစ်ဝင်ရောက်လာသည့် ပါတီဝင်အသစ်(၇၀)ဦးအား ပါတီဝင်လျောက်လွှာများ ဖြည့်သွင်းခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ပါတီဝင်အသစ်များအား ၂၀၂၃-ခုနှစ် ပြည်ခိုင်ဖြိုးပါတီ ပြက္ခဒိန်များ လက်ဆောင်ပေးခဲ့ကြပါသည်။