ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုလုပ်အားပေး

 

ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဒေါပုံ မြို့နယ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း သားဖွား ခန်းအတွင်းအပြင်အား အမှိုက်များ ရှင်းခြင်း၊ ရွှံ့မြေနှင့်နုန်းများဖယ်ရှား ရှင်းလင်းခြင်း၊ အဆောက်အအုံ ပတ်လည် ရေစီးရေလာကောင်းမွန် အောင်ဆောင်ရွက်ပေးခြင်း၊ သား ဖွားခန်းအတွင်း ခုတင်နှင့်ခုံများ ဆေးကြောခြင်း၊ ကြွေပြားများအား ကြေးချွတ်ဆေးများဖြင့် ဆေးခြင်း၊ အခန်းများအား သန့်ရှင်းရေးပြုလုပ် ပေးခြင်း၊ မြက်ရိတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသားဖွားခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်အားပေးပွဲကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှမြင့်ဦးဆောင်၍ အတွင်းရေး မှူး ဦးမောင်မောင်သန်း၊ မြို့နယ် အမျိုးသမီးတာဝန်ခံ ဒေါ်အေးအေး မြင့်၊ မြို့နယ်ကော်မတီဝင်များ၊ရပ် ကွက်ပါတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင် များ၊ အမျိုးသမီးပါတီဝင်အဖွဲ့များ အင်အားစုစုပေါင်း ၅ဝ ဖြင့် ဆောင် ရွက်ခဲ့ကြပြီး အဆိုပါလှုပ်ရှားဆောင် ရွက်မှုအား ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးမှ တိုင်းဒေသကြီးကော် မတီဝင် တိုင်းဒေသကြီးအမျိုးသမီး တာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ ခရိုင် ကော်မတီဝင် ခရိုင်အမျိုးသမီးတာ ဝန်ခံ ဒေါ်လဲ့လဲ့အေး၊ ခရိုင်လူငယ် တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ မြို့ နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးဝေဇင်တို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ဒေါပုံ)