ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

မအူပင် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကျင်းပ ဆောင်ရွက်မည့် ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်းဒန် နှင့် တက်ရောက်လာသူများမှအမျိုး သမီးညီလာခံ အကြိုနှီးနှောဖလှယ် ပွဲအတွက် ဆောင်ရွက်ထားမှုအခြေ အနေများအားဆွေးနွေးတင်ပြခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်း၊ လုပ်ငန်း ဆောင်ရွက်မည့်ကိစ္စများအား ဆုံး ဖြတ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မအူပင် ခရိုင်ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာရေး မှူး၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စမ်းစမ်းဝင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော သောင်းဒန်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်ဌေးဌေးကြည် နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

ဖြိုးမောင်ဇော်(မအူပင်)