ဆာဆူအိုလိုနဲ့ပွဲမှာ (၂)ဂိုးသွင်းနိုင်ခဲ့လို့ စီရော်နယ်ဒို ပျော်ရွှင်နေ

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက အသင်းအတွက် သူ့ရဲ့ပထမဦးဆုံး ဂိုးမသွင်းနိုင်ချိန်မှာ အနည်းငယ် စိတ်ဖိစီးခဲ့ရတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် ဆာဆူအိုလိုကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် သူ့ရဲ့ အဖွင့်ဂိုးအပြင် နောက်ထပ်တစ်ဂိုးပါသွင်းနိုင်ခဲ့လို့ စီရော်နယ်ဒို ပျော်ရွှင်နေပါတယ်။

စီရော်နယ်ဒိုဟာ စီးရီးအေမှာ အဖွင့်ဂိုးသွင်းနိုင်ဖို့ (၂၈)ကြိမ် ကန်သွင်းခဲ့ရပြီး မိနစ်(၃၂၀) ကြာခဲ့ပါတယ်။ ဒါပမေယ့်လည်း ဆာဆူအိုလိုနဲ့ ပွဲမှာတော့ (၁၅)မိနစ်အတွင်း စီရော်နယ်ဒို (၂)ဂိုးသွင်းနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုက “ကျွန်တော်တို့အကောင်းဆုံး စတင်နိုင်ခဲ့လို့ အလွန်ပျော်ရွှင်မိပါတယ်။ စီးရီးအေအဖွင့်ဂိုးသွင်းနိုင်ဖို့ ကျွန်တော်ဆန္ဒရှိခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့ လို့လည်း ပျော်ရွှင်မိပါတယ်” လို့ စကိုင်းစပေါ့အီတလီကို ပြောခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဟက်ထရစ်ရဖို့ နီးစပ်ခဲ့ ပေမယ့်လည်း အနီးကပ်အပိုင်အခွင့်အရေး(၂)ကြိမ်လောက်ကို လွဲချော်ခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ဒါက ဘောလုံးပါပဲ။ အဓိကကတော့ အသင်းအနိုင်ရဖို့ပါ”လို့ ပြောခဲ့ပါတယ်။

—Ref: Sky sports