ရပ်ကွက်အုပ်စုများနှင့် အမျိုးသမီးညီလာခံအကြိုညှိနှိုင်း

 

မိတ္ထီလာ စက်တင်ဘာ ၅

မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့ နယ်အစည်းအဝေးခန်းမ၌ ရပ်ကွက် အုပ်စုများနှင့် အမျိုးသမီးညီလာခံ အကြိုညှိနှိုင်းပွဲကို ယနေ့ နံနက် ၉နာရီခွဲမှ ၁၁နာရီခွဲထိ ကျင်းပခဲ့ သည်။
အစည်းအဝေးကို ရပ်ကွက် အုပ်စုဥက္ကဋ္ဌများ ၈ဝ တက်ရောက် ၍ ပြည်ခိုင်ဖြိုးပါတီ ခရိုင်နယ်မြေ တာဝန်ခံ ဦးဖိုးဥာဏ်၊ ဒေါ်သီတာ ဝင်းကို၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် မြို့နယ်ကော်မတီဝင် များ တက်ရောက်ကြသည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုး လွင်က ကျေးဇူးတင်စကား ပြော ကြားခြင်း၊ ခရိုင်နယ်မြေတာဝန်ခံမှ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ တွင် မိမိတို့ရပ်ကွက်အုပ်စု နယ် မြေအတွင်းရှိ ရှမ်းတိုင်းရင်းသား များ စာရင်းအား ပြောကြားပြီး မိမိတို့အနေဖြင့် သွားရောက်တွေ့ဆုံ စည်းရုံးကြရန်၊ ဒေါ်သီတာဝင်းကို က မိမိတို့မြို့နယ်တွင် အမျိုးသမီး ညီလာခံအကြို အောင်မြင်စွာ ကျင်းပနိုင်ရန် လိုအပ်သည်များကို တက်ရောက်လာသည့် ရပ်/ကျေး ဥက္ကဋ္ဌများနှင့် ညှိနှိုင်းတိုင်ပင်ဆွေး နွေးကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)