ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးနှီးနှောဖလှယ်ပွဲအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့် ဗဟို အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို မအူပင်မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲဆောင် ရွက်မည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ထားမှုများအား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဌေးဌေးကြည်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက် ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)