သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်စိုးနှင့်အဖွဲ့ ပိုးဇာနွယ်ကျေးရွာပြည်သူများနှင့် Door to Door တွေ့ဆုံ

 

သပိတ်ကျင်း အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးနှင့် အဖွဲ့သည် ပိုးဇာနွယ်ကျေးရွာရှိ ပြည်သူများအား Door to Door ယမန်နေ့က သွားရောက်တွေ့ဆုံ ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျေးရွာအတွင်းနေထိုင်သော ပြည်သူများ၏နေအိမ်များသို့ တစ်အိမ် တက်ဆင်း သွားရောက်ကာ ရွေးကောက်ပွဲတွင်မဲပေးရာ၌ မဲပေးမမှားစေ ရန်နှင့်ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာကိစ္စများ စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့ပြည်သူနှင့်တွေ့ဆုံရာတွင် ကိုယ်စားလှယ်လောင်းဦးမြင့်စိုးအား မြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်းတင့်နှင့်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)