ဥရောပစူပါဖလားကို (၃)ကြိမ်မြောက် ကိုင်မြောက်နိုင်ခဲ့တဲ့ အက်သလက်တီကို

၂၀၁၈ ဥရောပါစူပါဖလားလုပွဲကို အက်စ်တိုးနီးယားနိုင်ငံ၊ တယ်လင်မြို့ရှိ A.Le Coq Arena ကွင်းမှာ ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ပွဲမှာ ရီးယဲလ်အသင်းက အက်သလက်တီကိုအသင်းကို ၂-၄ ဂိုးနဲ့ ရှုံးနိမ့်ပြီး အက်လက်တီကိုတို့ စူပါဖလားကို (၃)ကြိမ်မြောက် ဆွတ်ခူးကိုင်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အက်သလက်တီကို အသင်းဟာ ဥရောပစူပါဖလားကို (၃)ကြိမ်ယှဉ်ပြိုင်ပြီး ၃ ကြိမ်စလုံးရယူနိုင်တဲ့ ပထမဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဥရောပစူပါဖလားပွဲကိုတော့ ၁၉၇၂ ခုနှစ်မှာ စတင်ကျင်းပခဲ့ရာ ယခုနှစ်မှာ (၄၃)ကြိမ်မြောက်ဖြစ်ပြီး တစ်နိုင်ငံတည်းမှ မြို့ခံအသင်းနှစ်သင်း ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ ယခုပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် စူပါဖလားကို (၃)နှစ်ဆက်တိုက် ရယူနိုင်မယ့် ပထမဆုံး အသင်းအဖြစ် လွှဲချော်ခဲ့တဲ့အပြင် စူပါဖလားဆုကို (၅)ကြိမ်စီ ရယူထားပြီး အအောင်မြင်ဆုံးအသင်းတွေအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာ၊ အေစီမီလန်တို့ရဲ့ ဆုဖလားအရေအတွက်ကိုလည်း လိုက်မီနိုင်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပစူပါဖလားရလဒ် 

ရီးယဲလ်မက်ဒရစ် ၂ – ၄ အက်သလက်တီကို

ဘန်ဇီမာ ၂၇ မိနစ် , ရာမို့စ် ၆၃ မိနစ် (P) – ကော်စတာ ၁၊ ၇၉ မိနစ် , ဆာအူလ် ၉၈ မိနစ်, ကိုကီ ၁၀၄ မိနစ်

မကြာသေးခင်က ဥရောပစူပါဖလား ဆွတ်ခူးခဲ့တဲ့ အသင်းများ

၂၀၁၈ – အက်သလက်တီကို (စပိန်)

၂၀၁၇ – ရီးယဲလ်မက်ဒရစ် (စပိန်)

၂၀၁၆ – ရီးယဲလ်မက်ဒရစ် (စပိန်)

၂၀၁၅ – ဘာစီလိုနာ (စပိန်)

၂၀၁၄ – ရီးယဲလ်မက်ဒရစ် (စပိန်)

၂၀၁၃ ဘိုင်ယန်မြူးနစ် (ဂျာမနီ)

၂၀၁၂ – အက်သလက်တီကို (စပိန်)

၂၀၁၁ – ဘာစီလိုနာ (စပိန်)

၂၀၁၀ – အက်သလက်တီကို (စပိန်)

၂၀၀၉ – ဘာစီလိုနာ (စပိန်)

ဥရောပစူပါဖလား အကြိမ်အများဆုံး ဆွတ်ခူးထားတဲ့ အသင်းများ

၅ ကြိမ် – ဘာစီလိုနာ (စပိန်)၊ အေစီမီလန် (အီတလီ)

၎ ကြိမ် – ရီးယဲလ်မက်ဒရစ် (စပိန်)

၃ ကြိမ် – လီဗာပူးလ် (အင်္ဂလန်)၊ အက်သလက်တီကို (စပိန်)                                              

-Ref: AFP