အာရှနိုင်ငံများထံ ရေနံနှင့် ဓာတ်ငွေ့ကိုလျှော့ဈေးပေးရောင်းချရန် အီရန်အဆိုပြု

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများကို တန်ပြန်နိုင်စေရန် အီရန်နိုင်ငံက ယင်း၏ အာရှဖောက် သည်နိုင်ငံများထံ ရေနံနှင့် ဓာတ်ငွေ့တင်ပို့ရောင်းချရာတွင် ဈေးလျှော့ပေးသည့် စနစ်ဖြင့် ရောင်းချပေးမည်ဟု ကမ်း လှမ်းလိုက်ကြောင်း နိုင်ငံပိုင်အိုင်အာရ်အင်န်အေ သတင်းဌာနက သြဂုတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုသည် နိုဝင်ဘာ ၅ ရက်မှ စ၍ အီရန်နိုင်ငံ၏ စွမ်းအင်လုပ်ငန်းကဏ္ဍအား အရေးယူ ပိတ်ဆို့ရန် စီစဉ်ထားသည်။ ၂ဝ၁၅ ခုနှစ် နိုင်ငံတကာ နျူကလီးယားသဘော တူညီချက်မှ အမေရိကန် ပြည်ထောင်စုနုတ်ထွက်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာခဲ့ပြီး အမေရိကန်က အီရန်နိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှု စတင်ပြုလုပ်ခဲ့သည်။ စီးပွားရေး ပိတ်ဆို့ရေး အစီအစဉ်၏ ဒုတိယအဆင့်မှာ နိုဝင်ဘာ ၅ ရက်တွင် စတင်မည်ဆို၏။

အီရန်နိုင်ငံ၏ အဓိကဖောက်သည်နိုင်ငံများမှာ တရုတ်နှင့် အိန္ဒိယတို့ဖြစ်ကြသည်။ ယင်းနိုင်ငံများသည် အီရန်နိုင်ငံက တင်ပို့ရောင်းချသော ရေနံနှင့်ဓာတ်ငွေ့ ပမာဏ၏ ထက်ဝက်ခန့်ကို ပုံမှန် ဝယ်ယူလျက်ရှိကြသည်။

အမေရိကန်က အီရန်အပေါ် စီးပွားရေးပိတ်ဆို့သည့် တိုင်အောင် မိမိတို့အနေဖြင့် ယင်းနိုင်ငံထံမှ ရေနံနှင့် ဓာတ်ငွေ့ဝယ်ယူမှုကို သိသိသာသာလျှော့ချရန် ဆန္ဒမရှိ ကြောင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ပြောကြားခဲ့ကြသည်။

အီရန်အပေါ် စီးပွားရေးပိတ်ဆို့ခြင်းကို ဥရောပ သမဂ္ဂ(အီးယူ)ကလည်း ဆန့်ကျင်သည်။ သို့ရာတွင် စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်ကြောင့် အထိနာနိုင်သော ဥရောပ ကုမ္ပဏီကြီးအချို့မှာ အီရန်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှု ပြုလုပ်ခြင်းကို လျှော့ချလျက်ရှိကြသည်။

-Ref; AFP