ကုလသမဂ္ဂ အရာရှိ တစ်ဦး က အမေရိကန် နိုင်ငံ သမ္မတ ၏ ပြောဆိုမှုများသည် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပွားလာနိုင်ဟု ပြောကြား

ဂျီနီဗာ ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အဆင့်မြင့်အရာရှိ Zeid Hussein က အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန် နိုင်ငံမီဒီယာများအပေါ် ဝေဖန်တိုက်ခိုက်သည့် ပြောဆိုမှုများသည် အနာဂတ်တွင် မကောင်းမွန်သည့် အကျိုးဆက်များ ဖြစ်ပွားလာနိုင်မည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့၌ ပြောကြား ခဲ့သည်။

Hussein က သြဂုတ်လ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့် အနေဖြင့် NewsYork Times ၊ The Washington Post နှင့် CNN စသော အမေရိကန် နိုင်ငံ အဓိက သတင်းမီဒီယာများအား  ကာလတစ်လျှောက် ဝေဖန်တိုက်ခိုက်နေပြီး ၄င်းတို့အား လူလိမ် ၊ မရိုးသားသောသူနှင့် လူဆိုး စသည်ဖြင့် ပြောဆိုနေခြင်းသည် လွန်စွာ အံအားသင့်စေသည့် အပြုအမူ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက သတင်းမီဒီယာ လုပ်ငန်းများကို မကောင်းမြင်အောင် ပြုလုပ်နေခြင်းသည် အနာဂတ်တွင် မှန်းဆ၍ မရနိုင်သည် ဆိုးကျိုးများ ဖြစ်ပွားလာမည်ဖြစ်ကြောင်း ၊ ဒေါ်နယ်ထရမ့်၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် အစွန်းရောက်သမားများမှ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများကို တိုက်ခိုက်လာနိုင်စေပြီး အမေရိကန် နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကိုလည်း တိုက်ရိုက် ထိခိုက်လာမည် ဖြစ်ကြောင်း အထူးပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန် နိုင်ငံသမ္မတ ရွေးကောက်ပွဲ စတင်ချိန်မှစ၍ အမေရိကန်နိုင်ငံ အဓိက မီဒီယာများ၏ အပြန်အလှန် တိုက်ခိုက်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး ၄င်းအနေဖြင့် မီဒီယာများအား သတင်းအတုများရေးသား ဖော်ပြကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ကာ မီဒီယာများမှလည်း ၄င်း၏ ပြောဆိုမှုများသည် မမှန်ကန်ကြောင်းကို အကြိမ်ကြိမ် ပြန်လည် တုန့်ပြန်ခဲ့ကြောင်း သိရှိခဲ့ရသည်။

(Xinhua)