တံတားပြိုကျရာ ဂျီနိုအာမြို့မှာ အရေးပေါ်ကာလ ၁၂ လ အီတလီဝန်ကြီးချုပ် ကြေညာ

ဂျီနိုယာ၊ သြဂုတ် ၁၆

အီတလီ ၀န်ကြီးချုပ် ဂူဆပ်ပီကောင့်တီက လူပေါင်း ၃၉ ဦး သေဆုံးမှု ဖြစ်ခဲ့တဲ့ တံတားတစ်စင်း ကျိုးကျပြီးနောက်မှာ ဂျီနိုအာမြို့ကို အရေးပေါ်အခြေအနေ ၁၂ လတာ ကြေညာလိုက်ပါတယ်။

“ကက်ဘိနက်အစည်းအဝေးတစ်ရပ် ကျင်းပပြီး အရေးပေါ် ၁၂ လတာ ကာလ ကြေညာလိုက်တာပါ။ ပြီးတော့ အမျိုးသားအရေးပေါ်ရန်ပုံငွေအတွက် ယူရိုငွေ ငါးသန်း ပထမအသုတ် ထုတ်ယူ သုံးစွဲသွားမှာ ဖြစ်ပါတယ်။”လို့  အစည်းအဝေးအပြီးမှာ ၀န်ကြီးချုပ် ကောင့်တီက သတင်းစာရှင်းလင်းပါတယ်။

“ဒီတံတားကျိုးကျမှုဟာ ခေတ်သစ်လူမှုအသိုင်းအ၀န်းအတွက် လက်မခံနိုင်စရာ ကြေကွဲဖွယ် ဖြစ်ရပ်ပါ။ ဒီအစိုးရအနေနဲ့ ဒါမျိုးတွေ ထပ်မဖြစ်အောင် အာဏာကုန်သုံးပြီး ကာကွယ်သွားမှာ ဖြစ်ပါတယ်။”လို့လည်း ကောင့်တီက ပြောပါတယ်။

ဂျီနိုအာမြို့မှာ တည်ရှိတဲ့ မော်ရန်ဒီတံတားရဲ့ မီတာ ၁၀၀ ရှည် ပြေးလမ်းကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြိုကျပျက်စီးခဲ့တဲ့အတွက် ကားတွေလည်း မြေပြင်နဲ့ဝင်ဆောင့်ပြီး လူ ၃၇ ဦးသေဆုံးရာ ၈ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ် ကလေးသုံးဦး ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါတံတားကို တာဝန်ယူ ဆောက်လုပ်တဲ့ ကုမ္ပဏီရဲ့ အကြီးအကဲတွေကို ရာထူးကနှုတ်ထွက်ဖို့ အီတလီအစိုးရက အမိန့်ချမှတ်ထားပြီလည်း ဖြစ်ပါတယ်။

-Ref; AFP