တောင်ကိုရီးယားတွင် Halloween ပွဲတော် ကျင်းပချိန်အတွင်း လူအုပ် ကသောင်းကနင်းဖြစ်ပြီး ၁၅၁ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ညဘက် လူစည်းကားသည့်နေရာတစ်ခုတွင် အောက်တိုဘာ ၂၉ ရက်က Halloween ပွဲတော် (တစ္စေကြီးများပွဲတော်) ကျင်းပချိန်အတွင်း လူအုပ် ကသောင်းကနင်းဖြစ်ပွားခဲ့ပြီး လူ ၁၅၁ ဦးသေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းဖွယ် ကာလအဖြစ် သမ္မတ ယွန်းဆက်ယိုက အောက်တိုဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။

သေဆုံးသူအများစုမှာ အသက် ၂၀ ဝန်း ကျင်လူငယ်များနှင့် ဆယ်ကျော်သက်များဖြစ်ပြီး မွန်းက ဝမ်းနည်းစကား ပြောကြားခဲ့ကာ ဒဏ်ရာရရှိခဲ့သူများကိုလည်း အမြန်ဆုံး ပြန်လည်သက်သာစေရန် ဆုတောင်းစကား ပြောကြားခဲ့သည်။

“ဒါဟာ တကယ့်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ညက ဆိုးလ်မြို့တော်ရဲ့  အလယ်ဗဟိုမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ မဖြစ် သင့်တဲ့ ဝမ်းနည်းဖွယ် ဘေးအန္တရာယ်တစ်ခု ဖြစ်ပါတယ်” ဟု မွန်းက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ယခုကဲ့သို့ မတော်တဆမှုမျိုး ထပ်မံ မဖြစ်ပွားစေရန် အခြေခံကျသည့် အစီအစဉ်များလုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၉ ရက်ညပိုင်းက ဆိုးလ်မြို့တော်၏ လူစည်ကားသည့် အီထိုင် ဝန်ခရိုင်တွင် ပြုလုပ်သည့် Halloween ပွဲ တော်တွင် လူပေါင်း ၁၀၀၀၀၀ ခန့်ပါဝင်ဆင်နွှဲ ခဲ့ပြီး ယင်းပွဲတော်တွင် လူအုပ်ကသောင်းက နင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပိမိခဲ့ခြင်းဖြစ် သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့ သည်။လူအုပ်ကသောင်းကနင်းဖြစ်ခဲ့ရသည့် အဓိကအကြောင်းရင်းကိုမူ ရှင်းလင်းစွာမသိရ သေးကြောင်း အရာရှိများက ပြောကြားခဲ့သည်။

သေဆုံးသူ ၁၅၁ ဦးရှိပြီး ပြည်ပနိုင်ငံသား ၁၀ ဦးပါဝင်ကာ ၈၂ ဦးဒဏ်ရာရခဲ့ပြီး ၁၉ ဦး မှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု  ယွန်ဆန်မီးသတ်ဌာနအကြီးအကဲ ချွဲဆန်း ဘွန်က ပြောကြားခဲ့သည်။သေဆုံးသူအရေ အတွက်မှာ ထပ်မံမြင့်တက်လာဖွယ်ရှိသည်ဟု လည်း ၎င်းင်းကဆိုသည်။

သေဆုံးသူအားလုံးသည် ကျဉ်းမြောင်းသည့် တစ်လမ်းသွား  လမ်းကြားထဲကို စုပြုံတိုးဝှေ့ကြရာမှ တစ်ဦးနှင့် တစ်ဦးပိမိကာ သေဆုံးခဲ့ဖွယ်ရှိသည်ဟု ချွဲကပြောကြားခဲ့သည်။ ယခုပြုလုပ်ခဲ့သည့် Halloween ပွဲတော်သည် ဆိုးလ်တွင် COVID-19 ကပ်ရောဂါဆိုင်ရာ တားမြစ် ကန့်သန့်ချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့် Halloween ပွဲတော်ဖြစ်သည်။

“Halloween ပွဲကိုလာတဲ့လူတွေများ တာကြောင့် သေဆုံးသူအရေအတွက်များခဲ့ တာဖြစ်ပါတယ်}}ဟု ချွဲက ပြောကြားခဲ့သည်။ သေဆုံးသူများအနက် အမျိုးသမီး ၉၇ ဦး၊ အမျိုးသား ၅၄ ဦးပါဝင်ပြီး ၎င်းတို့ထဲတွင် တရုတ်၊ အီရန်၊ ဥဇဘတ်ကစ္စတန်နှင့် နော်ဝေ ကဲ့သို့ ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများလည်း ပါဝင်သည်ဟု မီးသတ်ဌာနက ပြော ကြားခဲ့သည်။ ရုရှားနိုင်ငံ၏ Tass သတင်းအေဂျင်စီ ကလည်း သေဆုံးသူများအနက် ရုရှားနိုင်ငံသား နှစ်ဦးပါဝင်ကြောင်းနှင့် ဆိုးလ်မြို့တော် ရှိ တရုတ်သံရုံးကလည်း သေဆုံးသူများအနက် တရုတ်နိုင်ငံသား သုံးဦး ပါဝင်ခဲ့သည်ဟု ၎င်း၏ တရားဝင် We chat အကောင့်တွင် အတည်ပြုခဲ့သည်။ Ref:CNA