လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများကို တေလာဆက်ထိန်း

အိုင်ယာလန်လက်ဝှေ့မယ် ကေတီတေလာဟာ ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲမှာစိန်ခေါ်သူ ကာရာဘာဂျယ်ကို အမှတ်နဲ့ အနိုင်ယူပြီး ချန်ပီယံဆုတွေကို ဆက်ထိန်းခဲ့ပါတယ်။

ဒီပွဲစဉ်ကို နယူးယော့ခ်မှာရှိတဲ့ မက်ဒီဆင်စကွဲမှာ ထိုးသတ်ခဲ့တာဖြစ်ပြီး အခုနေရာမှာထိုးသတ်တဲ့ ပထမဆုံး အမျိုးသမီးလက်ဝှေ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ကေတီတေလာအတွက်ကတော့ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခဲ့တာပါ။

အာဂျင်တီးနားသူ ကာရာဘာဂျယ်ကလည်း အကောင်းဆုံးပြန်လည်ထိုးသတ်ခဲ့လို့ တေလာအနေနဲ့ တချို့အချီတွေမှာ ခံစစ်ပုံစံကစားခဲ့ရတာမျိုးတောင်ရှိခဲ့ပါတယ်။

ဒါပေမယ့် (၁၀)ချီအပြည့် ယှဉ်ပြိုင် အပြီး ဒိုင်လူကြီးတွေရဲ့အမှတ်ပေးမှုမှာ တေလာအနိုင်ရခဲ့ပြီး WBA,WBC,IBF,WBO လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေကို ဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။  -Ref:BBC