တိုနီခရုဇ် ဂျာမနီတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရရှိ

ရီးရဲလ်မက်ဒရစ်အသင်းက ဂျာမနီလက်ရွေးစင်ကွင်းလယ်လူ တိုနီခရူးစ် ဟာ ဂျာမနီအားကစား ကလောင်ရှင် တွေက ရွေးချယ်တဲ့ ဂျာမနီတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားတယ်လို့ သိရပါတယ်။

နာမည်ကျော် ဂျာမန်ဘောလုံးမဂ္ဂဇင်းဖြစ်တဲ့ Kicker က ကမကထပြုလုပ်ပြီး ဂျာမနီအားကစား ကလောင်ရှင်းများ အစည်းအရုံးက မဲပေးခဲ့ရာမှာ စုစုပေါင်း ၄၇၅ မဲမှာ ခရူးစ်က ၁၈၅ မဲနဲ့ အများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိတဲ့ ခရူးစ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဖိလစ်လမ်းရဲ့နောက်မှာ ဒုတိယရခဲ့ပြီး သူ့ကစားသမားဘ၀မှာ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။

ဒီနှစ်အတွက် ဒုတိယ ရခဲ့သူကတော့ ဖရိုင်းဘတ်တိုက်စစ်မှူး နီးလ်ပီတာဆန်ဖြစ်ပြီး ၃၉ မဲ၊ ရှော်ကေးနောက်ခံလူ နာလ်ဒိုက ၃၈ မဲနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဒီဆုကို လူတိုင်းမရသလို ရဖို့လည်း မလွယ်တဲ့အတွက် အရမ်းကို ဂုဏ်ယူရတယ်လို့ ခရူးစ်က ပြောပါတယ်။

တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုတော့ ဘိုင်ယန်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်စေခဲ့တဲ့ ဂျက်ဟေးကက်စ် က ဆွတ်ခူးသွားပါတယ်။

-Ref; Sky sports